နှစ် ၂၅၀၀ ကျော်တန် အသုံးမဝင်မှု

နှစ် ၂၅၀၀ ကျော်တန် အသုံးမဝင်မှု

စ, စချင်းတုန်းက "အဲ့နေရာမှာ ကြေးခေတ် (Bronze Age) တုန်းက သင်္ချိုင်းတခုရှိတယ်" ဆိုတော့ အံ့သြမိတယ်။ စာတွေ ပေတွေထဲမလည်း မဖတ်ဖူးဘူး၊ သမိုင်းနဲ့လည်း အဆက်ပြတ်၊ ရှေးဟောင်းပညာနဲ့ကလည်း ဝေးလေတော့ ပုံတောင်၊ ပုံညာလောက်ကိုပဲ စာထဲ တွေ့ဖူးတာ။ ကြေးခတ်သင်္ချိုင်းဆိုတာ ရှိပါ့မလားပေါ့ ...

သာသနာပြုများနဲ့ အတွေးတစ

သာသနာပြုများနဲ့ အတွေးတစ

သာသနာပြုနေသော ဘုန်းတော်ကြီး နေရီနီ (Fr. Paolo Nerini) နှင့် ကိုရင် ကာပဲလို (Br. Angleo Cappello) တို့သည် စာသင်ကျောင်းနှင့် ဆေးခန်းဖွင့်ခွင့်ကုုိ ဗညားဒလထံမှာ ခွင့်ပြုမိန့် ရရှိသည်။ ဘုန်းတော်ကြီး နေရီနီမှ ဘုရားရှိခိုးကျောင်းနှင့် စာသင်ကျောင်း ဆောက်လုပ်ရာ အာမေးနီးယန်းကုန်သည် နီကိုးလတ် ဒီ အာကွီလာ (Nicolas de Aquilar) က ငွေလှူဒါန်းခဲ့သည်

အာဆာ အရင်တကြိမ်ထက် စနစ်ကျလာနိုင်သလား

အာဆာရဲ့ လော်ဘီအဖွဲ့တွေဟာ နိုင်ငံတကာမီဒီယာမှာ အသာစီးရနေသလို ယူအန်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေပေါ် မျက်နှာသာ ရထားတာ ဖြစ်လို့ ဒီတကြိမ်မှာ ဗျူဟာအရ အားကောင်းနေပါတယ်။ ပိုပြီး စနစ်တကျလုပ်မယ့် အလားအလာရှိပါတယ်။

Facebook ပေါ်က သတင်းဌာန အယောင်ဆောင်များ

Facebook ပေါ်က သတင်းဌာန အယောင်ဆောင်များ

အစိုးရကိုယ်တိုင်၊ ဝန်ကြီးဌာနတွေကိုယ်တိုင်ကလည်း သတင်းဌာနတွေကို မဖြတ်သန်းစေဘဲ ဖေ့စ်ဘွတ်ကိုအားပြုပြီး ထုတ်ပြန်ချက်တွေ လုပ်ခဲ့၊ အတည်ပြုချက်တွေ လုပ်ခဲ့တော့ လူတွေက Facebook ကို အမှန်ထင်၊ အတည်ယူလာကြတယ်။

ယူဂန်ဒါက ငှက်ပျောသီးနဲ့ ဧည့်သည်များ

တနေ့တုန်းက ယူဂန်ဒါနိုင်ငံက လွှတ်တော်အမတ်တယောက်နဲ့တွေ့တော့ စကားပြော မိတ်ဆွေ ဖွဲ့ဖြစ်တယ်။ ကျနော်က သတင်းထောက်ဆိုပြီး မိတ်ဆက်တော့ ဝမ်းသာအားရနဲ့ သူမှာ ပြောစရာတွေ တပုံတပင်ပဲတဲ့။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း စိတ်ဝင်စားသတဲ့ ...

ဝဋ်ကြွေး

ဒီတကြိမ်၊ မောင်တောကို သွားရတာ ကျနော့်အတွက် အမြင်တွေ အများကြီး ပြောင်းလဲ သွားခဲ့ရတယ်။ သတင်းလုပ်သက်တလျှောက် သိခဲ့၊ နားလည်ခဲ့ရတာတွေ တော်တော်များများဟာ ဒီခရီးက ကျနော့်ကို အများကြီး ပြောင်းလဲ ပေးလိုက်တယ်။ ရခိုင်၊ မွတ်ဆလင်၊ အစိုးရ၊ စစ်တပ်၊ နောက်ပြီး အကြမ်းဖက်သမား စသဖြင့် သူတို့ တစုချင်းအပေါ် ကျနော့် အမြင်တွေလည်း ပြောင်းလဲ သွားခဲ့တယ် ...

စိုးရိမ်ထိတ်လန့်မှု အစစ်အမှန်

တလောက ပါကစ္စတန်က ဆယ်လီတကောင် ရခိုင်အထိ လာမယ် ဆိုပြီး သတင်းတွေ တက်လာတယ်။ တကယ်၊ လာ မလာတော့ မသေချာပါဘူး။ သေချာတာကတော့ သူဟာ ၂၀၁၅ ခုနှစ်က ရခိုင်ပြည်နယ်ထိ ရောက်ခဲ့တယ်။

သတင်းထောက်တွေ ဆန္ဒထုတ်ဖော်သင့်သလား

သတင်းထောက်တွေ ဆန္ဒထုတ်ဖော်သင့်သလား

စီအန်အန် တံဆိပ်ကပ်ထားတဲ့လူကို ထရမ့်က လက်သီးနဲ့ထိုးနေတဲ့ဗီဒီယိုဖိုင်တခု ထရမ့်က သူ့ တွစ်တာမှာ မနေ့က တင်လိုက်တယ်။ CNN ကို FNN (Fraud News Network) လို့လည်း နာမည်တပ်ထားတယ်။ ဒီဗီဒီယိုက ထရမ့် သမ္မတ မဖြစ်ခင်က WWE ပွဲမှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်ပါ ...

စစ်မြေပြင်သွား ဆောင်းပါး နှစ်ခု လေ့လာချက်

စစ်မြေပြင်သွား ဆောင်းပါး နှစ်ခု လေ့လာချက်

လတ်တလော ကျနော်တို့ သတင်းသမားတွေအချင်းချင်းကြား အငြင်းပွားဖွယ် ဖြစ်နေတဲ့ ဧရာဝတီက သတင်းထောက် လဝီဝမ်ရေးတဲ့ စစ်မြေပြင်သွား ဆောင်းပါးတပုဒ်နဲ့ ဝါရှင်တန်ပို့စ်က သတင်းထောက် လဇ္ဇ ဆလီ တို့ စစ်မြေပြင်သွား ဆောင်းပါးတပုဒ်ကို နိုင်းယှဉ်လေ့လာကြည့်မိပါတယ် ...

နောက် နှစ် ၂၀ လောက်ကို မြင်ယောင်ကြည့်ပါ

နောက် နှစ် ၂၀ လောက်ကို မြင်ယောင်ကြည့်ပါ

နိုင်ငံအနှံ့က ပရိယတ္တိစာသင်ကျောင်းတိုက်ကြီးတွေမှာ ရှိတဲ့ ကိုရင်၊ ဦးဇင်းအရေအတွက်တွေကို မြင်ယောင်ကြည့်စေချင်ပါတယ်။ ရေလိုက်လွဲနေတဲ့ မဘသ ဆရာတော်တော်တော်များများရဲ့ နေ့စဉ် ဆုံးမသွန်သင်မှုအောက် ကြီးပြင်းလာမယ့် ဒီ ကိုရင်၊ ဦးဇင်းလေးတွေရဲ့ ဦးနှောက် ဆေးကြောခံထားရမှုဟာ ဘယ်လောက်ထိ 'တာ' သွားမလဲ။

ရုပ်ရှင်လောကနဲ့ သတင်းသမားဇာတ်ရုပ်

ရုပ်ရှင်လောကနဲ့ သတင်းသမားဇာတ်ရုပ်

ပုညခင်တို့၊ လမင်းမိုမိုတို့ကို အင်တာဗျူး၊ သူတို့နဲ့ဆဲလ်ဖီ တူတူတွဲရိုက်ပြီး သူတို့စာတွေမှ အဟုတ်ကြီးထင်နေတဲ့ အနုပညာသတင်းထောက်မျိုးတွေ ရှိနေတော့ လွန်းထားထားလို စာရေးဆရာမျိုးတွေက “ရသ စာပေရေးဖို့ ကြိုးစားကြည့်ပါဦးမယ်” ဆိုတာမျိုးတွေ ပြောပြီပေါ့။

စျေးတင်ရောင်းကြသည့် ဂျာနယ်လစ်ဇင်

စျေးတင်ရောင်းကြသည့် ဂျာနယ်လစ်ဇင်

ဆရာလိုရော အစ်ကိုလိုရော ရင်းနှီးသူတယောက်က ပြောဖူးတယ်။ “ငါ အတော်ကံကောင်းတယ် ပြောရမယ်၊ သတင်းစာပညာကို ရောင်းစားရလောက်တဲ့ အခြေအနေမျိုး မရောက်ခဲ့ဘူး” တဲ့။ သူ့မိသားစု အခက်အခဲတွေနဲ့ ဘဝရဲ့ဆိုးရွားလှတဲ့အခြေအနေတွေ ကြုံရတဲ့အချိန်မှာ ပိုက်ဆံအတွက် ကိုယ့်ရဲ့ သတင်းစာပညာကို အသုံးချ ...

ယန်းပေါဆတ် အင်တာဗျူးနဲ့ မြန်မာပြည်က သတင်းသမား

ယန်းပေါဆတ် အင်တာဗျူးနဲ့ မြန်မာပြည်က သတင်းသမား

အရင့်အရင် ဘာသာပြန်သူတွေကတော့ Jean Paul Sartre ကို ယန်းပေါဆတ်လို့ ပြန်တယ်။ ဆရာမြင့်သန်းကတော့ ယန်ပေါဆာရ်ထာ ဆိုပြီး ပြန်တယ်။ ကျနော် ပြင်သစ်တွေကို အဲ့ဒီနာမည် မေးကြည့်တော့ ဒုတိယတခုက ပိုနီးစပ်တာ တွေ့တယ်။

ခေတ်ရဲ့အစာ ဟာ သတင်းဖြစ်လာသလား

ခေတ်ရဲ့အစာ ဟာ သတင်းဖြစ်လာသလား

ဒီနေ့ခေတ်အခြေအနေအရ ကမ္ဘာ့မီဒီယာလောကမှာရော၊ ကျနော်တို့ မြန်မာ့မီဒီယာမှာပါ မပြောမပြီး၊ မတီးမမြည် ဖြစ်လာတာ Facebook ပါပဲ။ အပေါ်က မေးခွန်းတွေအတိုင်းဆိုရင် နာမည်ကြီးဖြစ်ရပ်တွေဟာ သတင်းမဟုတ်ဘူးလား၊ သတင်းဖြစ်လာတာ မဟုတ်ဘူးလားမေးရင် ဟုတ်တယ်ပဲ ဖြေရမှာပါ။ ဒါပေမယ့် နာမည်ကြီးတဲ့ဖြစ်ရပ်တိုင်း သတင်းဖြစ်ပါသလား…?

About Mratt

သတင်း၊ ဆောင်းပါးနဲ့ ဖန်တီးစာတွေ ရေးတယ်။ စာရေးခြင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုတယ်။ ကဗျာတွေကို ချစ်တယ်၊ ဂစ်တာ နည်းနည်း တီးတယ်။ Blues ကို သစ်ရွက်ခြောက်တွေကြား ခံစားတယ်။ ရံဖန်ရံခါ Heavy Metal တွေ နားထောင်တယ်။ Fixed Gear စက်ဘီး စီးတယ်။ ဘာသာတရားကိုးကွယ်မှုကို လေးစားပေမယ့် မယုံကြည်ဘူး။